မွန်ပြည်နယ်

မုဒုံမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအားထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်က သိမ်ကုန်းရပ်ကွက်နှင့် စိန်တောင်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များအား သွားရောက်ထောက်ပံ့ပေးအပ်သည်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်‌ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်/ကျေးရွာမြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၈ ရက်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

သထုံမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဆောင်၍ တာဝန်ရှိသူများ ပူးပေါင်းကာ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှုအား ဇူလိုင် ၂၇ ရက်နေ့ နံနက်က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၆ ဒဿမ ၈၂ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ပထမရရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့ သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားဝန်ထမ်းများအား Smart Card များ ပြုလုပ်ပေးနေမှု ကြည့်ရှုစစ်ဆေး၍ အစည်းအဝေးများ တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ယမန်နေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း သိရသည်။

ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း ရေဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့နံနက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် (၇း၀၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၇၁) ဦးရှိပြီး အောင်မြင်သူ (၃၀၁) ဦးရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၇၁)ဦးရှိပြီး အောင်မြင်သူ (၃၀၁)ဦး  ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်