မွန်ပြည်နယ်

သထုံမြို့နယ် ကျောင်းပြင်ပအလယ်တန်းပညာရေး(NFME) အခြေစိုက်စခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အခြေစိုက်စခန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်၊ ရွာဦး၊ သမီးတော်ကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နည်းပညာတက္ကသိုလ် (မော်လမြိုင်)နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရေတွင်းများအား ကလိုရင်းဆေးများလိုက်လံခတ်ပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ ရေနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးများ လိုက်လံခတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကန်သာယာရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လယ်ယာမြေပေါ်၌ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများ ဖြေရှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဇူလိုင် ၃၀ ရက်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ် အောင်ကန်သာကျေးရွာ လေဆင်နှာမောင်းဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာမှ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၂၉ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က အဆိုပါကျေးရွာသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာမှ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၅/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် ရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၅/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၉ ရက်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မိမိတို့ဒေသသို့ ပြည် တွင်း၊ ပြည်ပမှခရီးသွားများလာရောက်ခြင်းဖြင့် ဒေသတွင်းငွေကြေးလည်ပတ်မှုပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သ ဖြင့်ဒေသသာယာလှပရေး၊ အဆင့်မီစွာဝန်ဆောင်မှုပေးခြင်းဖြင့် တည်းခိုနေထိုင်နိုင်ရေးအတွက် အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ပြည်နယ်အတွင်းခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေးအတွက် ခရီးစဉ်ဒေသအသစ်ကြေညာနိုင်ရေး၊ ခရီးသွားဆိုင်ရာအချက်အလက်များအား လွယ်လင့်တကူသိရှိနိုင်စေရေးအတွက် ခေတ်နှင့်အညီ QR Scan များထားရှိခြင်းအပြင် ခရီးသွားဧည့်သည်များပိုမိုသိရှိလာရောက်လည်ပတ်စေရေး ခရီးသွားဒေသများကို Video Clip ရိုက်ကူးနိုင်ရေးဆောင်ရွက်ထားကြရန်လိုကြောင်း၊ ကော်မတီအ‌နေဖြင့် ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်မှုကြောင့်ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြု

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းရေကျော်မှုကြောင့် ဇူလိုင် လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်