ဆံတော်ရှင်ကျိုက်ထီးရိုး‌စေတီတော်မြတ်ကြီးသို့ ပြေးဆွဲနေသည့် ကေဘယ်လ်ကားများ အောက်တိုဘာ ၄ ရက်မှစတင်ပြီး နေ့စဉ်ပြန်လည်ပြေးဆွဲ

မော်လမြိုင် အောက်တိုဘာ ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် ကျိုက်ထီးရိုးကေဘယ်လ်ကားများကို   အောက်တိုဘာ ၄ ရက်မှစတင်ပြီး နေ့စဥ် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ကြောင်းသိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုး‌စေတီ‌တော်မြတ်ကြီးသို့ ပြေးဆွဲနေသည့် ကေဘယ်လ်ကားများကို ဆံတော်ရှင်ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ (၇)လတိုင်တိုင် နေ့စဉ်ပြေးဆွဲပေးနေကြောင်း၊ အောက်တိုဘာ ၄ ရက်မှစတင်ပြီး မနက် ၈ နာရီမှ ညနေ(၄)နာရီအထိ နေ့စဥ် ပြန်လည်ပြေးဆွဲရန်စီစဥ်ထားကြောင်း၊ ကေဘယ်လ်ကား စီးနင်းခ နှုန်းထားအနေဖြင့် လူတစ်ဦးလျှင် အသွားခရီး ကျပ် ၂၀၀၀၀ သတ်မှတ်ထားပြီး အသွားအပြန်ခရီးအတွက် ကျပ် ၃၀၀၀၀ သတ်မှတ်ထားကြောင်း၊ ကေဘယ်လ်ကားဝန်ဆောင်မှုတွင် ကားအစီးရေ ၄၄ တွဲ ပြေးဆွဲမည်ဖြစ်ပြီး ကားတစ်တွဲလျှင် ခရီးသည် ၈ ဦးအထိ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း Sky Asia Cable Car ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

စည်သူ(ပြန်/ဆက်)