မွန်ပြည်နယ်

ဘီးလင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade 12)အောင်စာရင်းများ ထွက်ရှိ

ယနေ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်အောင်စာရင်းများထွက်ရှိရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကာ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံး၌ ကြေငြာထားလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ကွက်သစ်ကျေးရွာနှင့် ရင်းငြိမ်တောင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် သာသနိကအဆောက်အအုံတို့အား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ဇူလိုင်လ ၂‌၄ ရက်နေ့၊ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတို့အပေါ် ပြန်လည်နေရာချထားနိုင်ရေးအတွက် အလှူငွေများနှင့် အိမ်ဆောက်ပစ္စည်းများ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေးနှင့် အရေးပေါ်ကြိုတင်ပြင်ဆင်‌မှုများကိုလည်း ဂရုပြုဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၆၄ ဒဿမ ၄၆ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ဒုတိယရရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာရာ မွန်ပြည်နယ် မုဒုံမြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ​တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ အောင်ချက်ရာခိုင်နှုန်း ၆၁.၃၈ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်တွင် တတိယရရှိ

တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယ​မန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် ပညာ​ရေးမှူးရုံးနှင့် အထက(၁)နှင့်(၂)တို့တွင် ကပ်ထား​ကြေညာခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၆ ဒဿမ ၈၂ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ပထမရရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။

ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း  ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးတွင်လည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၅၉ ရာခိုင်းနှုန်းရှိ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ချောင်းဆုံ(အထက)စာစစ်ဌာန၌ ဖြေဆိုပြီးစီးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား Online နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် ထုတ်ပြန်ခဲ့ရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ကျောင်းသား၊ ကျောင်းသူ (၅၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၈)ဦး ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၅၈.၅၉)ရာခိုင်းနှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၉.၂၂ ရာခိုင်နှုန်းရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ ပြည်နယ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုအစီအစဉ်ကို ယနေ့တွင် ကွမ်ရိုက်ကျေးရွာ ဆံတော်ရှင်ကျိုက်တမော့လဲ့စေတီဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်