ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး

ပေါင် အောက်တိုဘာ

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ ကျေးရွာများသို့ တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များသည် သတ်မှတ်ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မဲစာရင်းများအား သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သူများအား ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်‌ရေး၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအခြေအနေများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် အနေဖြင့်မြို့‌ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း (၁၀၇၀၄၉)ဦးရှိပြီး လျာထားမဲရုံပေါင်း (၉၀)ရုံရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)