မွန်ပြည်နယ်

မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့မ (၁/၂/၄) ရပ်ကွက်များတွင် ဆောင်ရွက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်၊ သဲဖြူကုန်းကျေးရွာရှိ ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုတ္တမမြို့ရှိ ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်သို့ရောက်ရှိရာ ရှေးဦးစွာ စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆရာတော်သံဃာတော်များ အားဖူးမြှော်ကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာတော်များ၊ သီလရှင်ဆရာလေး (၁၅၀) ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေး မျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက် ပြည်နယ်ငါးလုပ်ငန်းစခန်း၌ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေးမျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ တောင်သူဦးသာဆန်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး၊ အိမ်ခြံမြေ အကျိုးဆောင်နှင့် အဖိုးတန်သတ္တု (ရွှေ)လုပ်ငန်း လုပ်ကိုင်သူများဆိုင်ရာ သင်တန်းဖွင့်လှစ်

မော်လမြိုင်ခရိုင် မော်လမြိုင်မြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး၊ အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်းလုပ်ကိုင်သူများဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။

အ.မ.က (၁)မူလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အ.မ.က၊ မူလွန်(၁)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီက မူလွန်(၁)ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံ‌ပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် Pfizer အမျိုးအစားကိုဗစ် - ၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းကစတင်ထိုးနှံ ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးက အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နေ့နံနက်ပိုင်းက စတင်ကာ ရပ်ကွက်(၃)ခုတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရန်အသိပညာပေး‌ ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းတက်ရောက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်