ပေါင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ

ပေါင် ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အ.ထ.က) ပေါင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းအား သီဆို ဖျော်ဖြေ၍အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဘက်စုံ စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)