မွန်ပြည်နယ်

မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့မ(၃)ရပ်ကွက်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်များတွင် ဆောင်ရွက်သည်။

မော်လမြိုင်မြို့၌ ရပ်ကွက်ပြည်သူများအား သတင်းတု/သတင်းမှား ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အင်တာနက်ပေါ်တွင် သတင်းတု/သတင်းမှားများနှင့် မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်‌ပြောဆိုခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြိုင်သာယာရပ်ကွက် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အ.ထ.က (ကျိုက်မရော) တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျိုက်မရောမြို့နယ်မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် မြို့နယ်အဆင့်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မရော)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇန်နဝါရီ ၂၇ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ကြီး၏ ခန္ဓာဝန်သိမ်းတော်မူသည့် နှစ် ၁၀၀ ပြည့်နှင့် သာသနိကအဆောက်အဦများ ရေစက်သွန်းချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်တည် ဆရာတော် ဘဒ္ဒန္တသုမန မဟာထေရ်မြတ်ကြီး၏ ခန္ဓာဝန်သိမ်းတော်မူသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကျောင်းတိုက်ဆရာတော်ကြီး၏ (၇၂) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် လေးထပ်ကျောင်းဆောင် အစရှိသော သာသနိကအဆောက်အဦများ၏ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်၌ မုန်လာဥစိုက်တောင်သူများ စားဝတ်‌နေရေး အဆင်ပြေလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုန်လာဥစိုက်ပျိုးခြင်းကြောင့် တောင်သူများ အပိုဝင်‌ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျိုက်မရော၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

မော်လမြိုင်​မြို့၌ ရပ်ကွက်​​​ပြည်သူများအား သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ ​​​​​မော်လမြိုင်မြို့နယ်တွင် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှားကာကွယ်ရေးအတွက် ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

မုဒုံမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့က အ.ထ.က (၂) စာသင်ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်