မွန်ပြည်နယ်

ဘီးလင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း  ကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးက အဆောက်အဦ စာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်(၃)ခုတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသားကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ချပြရှင်းလင်းခြင်းနှင့် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့နံနက်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက် (၄) ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက် (၄) ခုတို့တွင် စတင်ဆောင်‌ရွက်နေကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုဗစ် - ၁၉ ရောဂါ ရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ကိုဗစ် - ၁၉ ရောဂါရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

မော်လမြိုင်ခရိုင် Community Center ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်စောပုရပ်ကွက် (၁) ၌ စတင်ဆောင်ရွက်လျက်ရှိသည်။

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌ပေးခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက‌ ပေါင်မြို့နယ်၊ မုတ္တမတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု နေမကောင်းသော အသက် (၂) လမှ (၅) နှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု နေမကောင်းသော အသက် (၂) လမှ (၅) နှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်က ဒေးကင်းကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်