ကျိုက်ထို ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် Pfizer အမျိုးအစားကိုဗစ် - ၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းကစတင်ထိုးနှံ ပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများက Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအားကာကွယ် ဆေးထိုးနှံရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်