ကျိုက်မရော ဇန်နဝါရီ ၂၅
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အ.မ.က၊ မူလွန်(၁)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီက မူလွန်(၁)ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ မူလွန်(၁)ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့်”အခမ်းအနားကို ဖွင့်လှစ်ပြီး ကျိုက်မရောမြို့နယ် ဒုတိယပညာရေးမှူး ဦးညီညီလွင်က အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မူလွန်(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကာယ၊ ညာဏ၊ အားကစားပြိုင်ပွဲများ၌ ဘက်စုံထူးချွန်ဆုရရှိကြသော ကျောင်သား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ မူလွန်ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ချိူမြတ်မြတ်ထွေး (ပြန်/ဆက်)