ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး၊ အိမ်ခြံမြေ အကျိုးဆောင်နှင့် အဖိုးတန်သတ္တု (ရွှေ)လုပ်ငန်း လုပ်ကိုင်သူများဆိုင်ရာ သင်တန်းဖွင့်လှစ်

မော်လမြိုင် ဇန်နဝါရီ ၂၅

မော်လမြိုင်ခရိုင် မော်လမြိုင်မြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး၊ အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်းလုပ်ကိုင်သူများဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး၊ အိမ်ခြံမြေ အကျိုးဆောင်နှင့် အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်း လုပ်ကိုင်သူများဆိုင်ရာ သင်တန်းတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်မှုလုပ်ငန်းများအတွက် လိုက်နာဆောင်ရွက်မှု စစ်တမ်းလွှာဘာသာရပ်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဘာသာရပ်၊ ကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်နှင့် အသိအမှတ်ပြုမှတ်ပုံတင်အဖွဲ့တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ သတင်းပို့အဖွဲ့အစည်းများနှင့် တာဝန်များ၊ အသိအမှတ်ပြုမှတ်ပုံတင်လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ၊ ငွေရေး ကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှ ကြီးကြပ်ရေးအာဏာပိုင်သို့ လစဉ်တင်ပြရမည့် အစီရင်ခံစာပုံစံများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊ ကျောင်းသူ (၇၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)