မွန်ပြည်နယ်

သထုံမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) နှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှု

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) နှင့် ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ခင်းတို့ စိုက်ပျိုးထားရှိမှု အခြေ‌အနေနှင့် အထွက်နှုန်းကောင်းမွန်အောင် လိုအပ်သည်တို့ကို အကူအညီပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်က အဆိုပါစိုက်ခင်းများသို့ လိုက်လံကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်ထိ ကလေးငယ်များအား ဗီတာမင် A မျက်စိအားဆေးနှင့် သံကျဆေးတိုက်ကျွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်လှစ်

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးရုံးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ကျိုက်မရော၌ လယ်​ယာ​မြေ မြေလွတ်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စပယ်ဂူလမ်းဟောင်းရှိလယ်ယာမြေများတွင် မြေအောက်ရေအသုံးပြု၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် တောင်သူများမိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၄)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၄)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။

မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၁၀၁)ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျာထားစိုက်ဧကများပြည့်မီအောင် (၁၁၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ မြို့နယ်အမျိုးသမီးများအသင်း(Woman Club)နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူ ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ်လာရောက်ဖူးမြော်နေကြပြီး ပွဲတော်စတင်သည့်ရက်မှ ယနေ့အချိန်ထိ ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူပေါင်း ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ဒသမအကြိမ်မြောက် ရန်အောင်မြင်ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင်ဆုနှင်း သဘင်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်အောင်မြင်ပရိယတ္တိသာသနပါလအသင်းကြီးမှ ကြီးမှူးကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် စာရေးတံမဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ရန်အောင်မြင်ကျောင်းတိုက်၊ တိုင်လူံကြီး‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော ဒေသထွက် ထန်းသီးများ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုး လျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်ပြီး လူကြိုက်များသည့် ထန်းသီးများ စတင်ထွက်ရှိနေပြီးဖြစ်၍ ပေါ်ဦးပေါ်ဖျား စျေးကောင်းရကာ ဝယ်ယူစား သုံးသူများသဖြင့် ထန်းပင်တက် တောင်သူများအနေဖြင့် မိသားစုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်