မွန်ပြည်နယ်

မုဒုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 / Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 / Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 စစ်ဆေးခြင်း စာမေးပွဲစတင်ဖြေဆို

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို Grade-5 (ခရိုင်အဆင့်) စစ်ဆေးခြင်းနှင့် Grade -9 (ပြည်နယ်အဆင့်) စစ်ဆေးခြင်း စာမေးပွဲကို ယနေ့မှစတင်ကာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၁) မြို့မစျေးရှေ့ရှိ လူစည်ကားရာနေရာ၊ ဆိုင်ကယ် Taxi ဂိတ်များတွင် ဖြန့်ဝေခဲ့သည်။

မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ရွှေဟင်္သာစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။

ကျိုက်ထိုမြို့နယ်တွင် ကျန်းမာရေးပညာပေးနည်းလမ်းများ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများ စနစ်တကျကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ချပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။

သထုံမြို့နယ်တွင် အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း စီမံကိန်းလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှပြုလုပ်မည့် အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းစီမံကိန်းလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်၊ မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဥပဒေအသိပညာပေး ဟောပြော

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မုဒုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက်(၈)နာရီက မုဒုံမြို့၊ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ၊ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် လက်ထောက်ညွန်ကြားရေးမှူး တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်