မွန်ပြည်နယ်

မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ

မွန်ပြည်နယ်တွင် တစ်ဧက ဆားတန်ချိန် (၁၅)တန် ထွက်ရှိသည့် ဆားထုတ်လုပ်ဧက (၅၀၀၀)မှ တစ်နှစ်လျင် ဆားတန်ချိန် (၆၀၀၀၀)မှ (၇၀၀၀၀) အထိ ထွက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပေါင်မြို့နယ်၌လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ပြုလုပ်ခြင်းကိုမုတ္တမ - ကျွဲခြံကျေးရွာရှိ ဝင်္ဂဘာဘုန်းကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်ပြုလုပ်ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကမာဝက်မြို့ ခြင်္သေ့ကျောင်းတိုက် ဆရာတော်အား ဘွဲ့တံ ဆိပ်တော်ဆက်ကပ်ခြင်းနှင့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၇)ဝါ၏ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံ ဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းနှင့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ပေါင်မြို့နယ်၌‌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများတွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲပြုကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်နှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၈)နာရီက ကုလာဘီးကျေးရွာရှိ နေကြာစိုက်တောင်သူများထံ ကွင်းဆင်းတွေ့ဆုံခဲ့ကြသည်။

မုဒုံမြို့တွင် နွေရာသီအားကစားနည်းသင်တန်း(၅)မျိုး အခမဲ့ဖွင့်လှစ်မည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်း(၅)မျိုးကို  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိ သုတ္တံဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အေးချမ်းသာယာစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်များက အန္တရာယ်ကင်း အသံမစဲဥပ္ပါတသန္တိ သုတ္တံဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးရှိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ကျောင်းတွင်း ထမနဲထိုးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းတွင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ အရာရှိ၊ အရာခံ စစ်သည်များ၊ မိသားစုဝင်များ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်