မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၁၀၁)ဧက စိုက်ပျိုးပြီးစီး

မုဒုံ     ဖေဖော်ဝါရီ     ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျာထားစိုက်ဧကများပြည့်မီအောင် (၁၁၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဆီထွက်သီးနှံ ဆောင်းနေကြာများအောင်မြင်ဖြစ်ထွန်းရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက်  ဒေသခံတောင်သူများကို  နေကြာမျိုးကောင်းမျိုးသန့်များ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးများရွေးချယ်ပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သွင်းအားစုမြေသြဇာများ သက်သာသည့်စျေးနှုန်းများဖြင့် ဖြန့်ဖြူးပေးခြင်းနှင့် စနစ်တကျထည့်သွင်း အသုံးပြုနိုင်ရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ အထွက်နှုန်းတိုးတက်ရေး စံပြစိုက်ခင်းများကို ဆောင်ရွက်လျက်ရှိသည်။

မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ သီးနှံစုံစိုက်ဧက(၈၀၀၀)ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)