ကျိုက်မရော ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်ပြီး လူကြိုက်များသည့် ထန်းသီးများ စတင်ထွက်ရှိနေပြီးဖြစ်၍ ပေါ်ဦးပေါ်ဖျား စျေးကောင်းရကာ ဝယ်ယူစား သုံးသူများသဖြင့် ထန်းပင်တက် တောင်သူများအနေဖြင့် မိသားစုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ထန်းပင်ထန်းလက်ထန်းရွက် ဝေစည် ကျိုက်မရောမြို့က သာယာလှပေသည်” ဆိုသည့်အတိုင်း ကျိုက်မရောမြို့ကို မြန်မာြပည်အရပ်ရပ်ကသာမက ကမ္တာ့နိုင်ငံများအထိ လူသိအောင် ပြနိုင်သည်မှာလည်း ညီညာလှပပြီး ရှည်လျားစွာ စိုက်ပျိုးထားသည့် ထန်းပင်တန်း၏ အလှကြောင့်ပဲ ဖြစ်ပါသည်။
ကျိုက်မရောမြို့ကို ဝင်သည်နှင့် ညီညာလှပလွန်းသည် ထန်းပင်လေးတွေကို မြင်ရမှာဖြစ်ပြီး သဘာဝထန်းရည်ချိုကိုလည်း ဝယ်ယူသောက်သုံးနိုင်ကြမည် ဖြစ်ပါသည်။ ထန်းရည်ကျချိန် ထန်းရည် စျေးကောင်းရရှိပြီး ထန်းသီးတက်ချိန်၌လည်း ထန်းသီးများကို အနယ်နယ်အရပ်မှ ဘုရားဖူးဧည့်သည်များ ခရီးသွားဧည့်သည်များအနေဖြင့် ကျိုက်မရော ရောက်သည်နှင့် ထန်းသီး များ အများအပြား ဝယ်ယူစားသုံးကြပြီး အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ပြန်ကြသည်များလည်း ရှိပါသည်။
ထန်းသီးရာသီကတော့ ဖေဖေါ်ဝါရီလအစမှ ဧပြီလအထိ ထန်းသီးများ အထွက်နှုန်း ကောင်းကာ စျေးကွက်ဝင်ချိန်လည်းဖြစ်ကြောင်း ထန်းသီးတစ်ခိုင်လျှင် ငွေကျပ် ၆၀၀၀ မှ ၇၀၀၀ ထိ ရပြီး အမွှာလိုက် ရောင်းလျှင် ဆယ်ခုကို တစ်ထောင်ကျပ်မှ အမွှာကြီးလျှင် ဆယ်မွှာကို ၁၅၀၀ ကျပ်ထိ ရောင်းချရကြောင်း ထန်းသီးများ အမြဲရောင်းချလျက်ရှိသည့် ဒေါ်သန်းအေးက ပြောပါတယ်၊
ထန်းသီးခိုင်များကို နှစ်ပတ်လျှင်တစ်ကြိမ် ခုတ်ယူပြီး ရောင်းချရကြောင်း ထန်းရည်ကိုတော့ နေ့စဥ် ရောင်းချနေကြောင်း ကျိုက်မရောထန်းရည်က ချိုသဖြင့် လူကြီးလူငယ် ကြိုက်နှစ်သက် ကြပြီး ထန်းရည်တစ်အိုးကိုတော့ တစ်ထောင်ကျပ်မှ ၁၅၀ဝိ/ ရောင်းချရသဖြင့် တစ်ပတ်လျှင် မိသားစုဝင်ငွေ တစ်သိန်းခွဲထိ ရရှိနေသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိချို(ကျိုက်မရော)