မွန်ပြည်နယ်

သထုံမြို့နယ်၌ တစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာန၏ မိုးရာသီတစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမြေနေရာ၌ ပြုလုပ်သည်။

မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးသို့တက်ရောက်

အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အစိုးရသစ်အနေဖြင့် ပြည်သူလူထုအကျိုးရှိစေမည့်လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနအသီးသီး၏ ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ချမှတ်ထားသည့်မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်းမှာ ထိထိမိမိနဲ့ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တိုးတက်မှုရလဒ်များပေါ်လွင်ပြီး အချိန်မီပြီးစီးအောင် ကြိုးစားပမ်းစားလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများလျာထားမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးကြရန်၊ မြေပြင်အခြေအနေမှန်ကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်မြန်ဆန်မှုကို အထောက်အကူပြုနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့် အတွက် ဝိုင်းဝန်းရှင်းလင်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

သံဖြူဇရပ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးစွမ်းရည် မြှင့်မွမ်းမံသင်တန်း အမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ရာ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီးထွန်းနေဝန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းများ တက်ရောက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းနှင့် ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ငါးလုပ်ငန်းစခန်း(သထုံ)သို့ ရောက်ရှိစစ်ဆေးရာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေး၊ ငါးသားပေါက်စခန်းမှ သင်တန်းသားများခေါ်ယူ၍ အခြားမြို့နယ်များ၌လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားကာ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ရေချိုငါးမွေးမြူရေးကန်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်မြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲပြုလုပ်

မွန်ပြည်၊ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက သဲဖြူကုန်းကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်၌ မုန်းတိုင်ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၂၁ ရက် နံနက်၉ နာရီအချိန်က ပငကျေးရွာ ကြက်တညင်စေတီ ဓမ္မာရုံ၌ ကျင်းပသည်။

မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး အမှတ် (၄) အရက်ချက်စက်ရုံနှင့် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မုပွန်နတ်ကျွန်းရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Shwe Mawlamyine Beverage Enterprise Co; Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အမှတ် (၄) အရက်ချက်စက်ရုံနှင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Chords & Chain Myanmar Co; Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး စက်ရုံများ၏လက်ရှိအခြေအနေနှင့် စက်ရုံများမှ တင်ပြသည့် တင်ပြချက်များကို ကူညီပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်