မွန်ပြည်နယ်

ပေါင်မြို့နယ် စိန်ပန်းစျေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၌ စိန်ပန်းစျေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (ဒုတိယအကြိမ်) ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ကျိုက်မရောမြို့နယ်အတွင်း လူစည်ကားကာနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့အဝင်လမ်းဆုံဆိုင်တန်းများနှင့် လူစည်ကားရာ နေများနှင့်ကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။

ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် မုန်လာဥဖြူစိုက် တောင်သူများ အပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့၌ မုန်လာဥများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ခေမာစာရမဟာထေရ်မြတ်၏ သက်တော်(၇၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံ မှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကျိုက်မရော မြို့နယ်၌ ဌာနဆိုင်ရာ ရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော  မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဒီဇင်ဘာ  ၁၂ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

မော်လမြိုင်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းများ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးအတွင်း၌ ကျင်းပပြုလုပ်ရာပြိုင်ပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုအား ကွင်းဆင်းကြည့်ရှု

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် မွန်ပြည်နယ်အတွင်းရှိ နှစ်(၁၀၀)နှင့်အထက် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ (၁၂) ခုမှ သင့်လျော်သော ရှေးဟောင်းအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်‌ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားတွေ့ဆုံ၊ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြော်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊

ရေးမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်   ၂၀၂၅ ခုနှစ်၊   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်မှုဆိုင်းဘုတ် စိုက်ထူခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းက သီရိနန္ဒာရပ်ကွက်၊  တနင်္သာရီလမ်းမကြီး၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့  မျက်နှာစာ၌ ဆောင်ရွက်သည်။
Subscribe to မွန်ပြည်နယ်