သံဖြူဇရပ် မေ ၂၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးစွမ်းရည် မြှင့်မွမ်းမံသင်တန်း အမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ရာ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး ထွန်းနေဝန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး၊ သင်တန်းနည်းပြများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လက်ဆောင်များ ပေးအပ်သည်။
အဆိုပါသင်တန်းအား ရက်သတ္တပတ် (၄) ပတ်ကြာ အမှတ် (၆၂) ခြေလျင်တပ်ရင်းတွင် မြို့ပေါ်မှ သင်တန်းသူ၊ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)