သထုံမြို့နယ်၌ တစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပ

သထုံ မေ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာန၏ မိုးရာသီတစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမြေနေရာ၌ ပြုလုပ်သည်။

စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးတို့ထံ ပျိုးပင်များဖြန့်ဝေပေးအပ်ခဲ့ပြီး သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ဆရာ/ဆရာမများ၊ ကျေးရွာနေပြည်သူများစုပေါင်းကာ မန်ဂျန်ရှားပျိုးပင် (၂၄၂၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်