မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး အမှတ် (၄) အရက်ချက်စက်ရုံနှင့် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး

မော်လမြိုင် မေ ၂၁

မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မုပွန်နတ်ကျွန်းရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Shwe Mawlamyine Beverage Enterprise Co; Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အမှတ် (၄) အရက်ချက်စက်ရုံနှင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Chords & Chain Myanmar Co; Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး စက်ရုံများ၏လက်ရှိအခြေအနေနှင့် စက်ရုံများမှ တင်ပြသည့် တင်ပြချက်များကို ကူညီပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ မော်လမြိုင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လျှပ်စစ်ဓာတ်အားသုံးစွဲသောပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)