မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သထုံမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ အခမဲ့ထိုးနှံပေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း ဆောင်ရွက်

မွန်ပြည်နယ် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်‌ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ အိမ်မွေးခွေးများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထုံးနှံပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း‌ ခွေးရူးရောဂါကာကွယ်‌ဆေးအခမဲ့ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံပေးခဲ့သည်။

ယခုနှစ်ပေါင်မြို့နယ်ဒေသထွက်ရာသီစာ ကျွဲကောသီးများစျေးကောင်းရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာ ကျွဲ‌ကောသီးများ ယခုနှစ်ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သထုံမြို့လုံးဆိုင်ရာ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်တို့ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မုန်တိုင်းမိ၍မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ဦးစီးဌာနရုံးမှ မုန်တိုင်းမိ၍ မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတက်ဖွဲ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ဆေးရုံပုရဝုဏ်အတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ  စုပေါင်းသန့်ရှင်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံဥပဓိရုပ် ကောင်းမွန်ပြီး အမှိုက်ကင်းရှင်း‌စေရေး၊ သန့်ရှုင်းသာယာလှပမှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်