မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌  (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက  ပြည်နယ်အဆင့် (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ဝင်းစိန်ကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်သည်။

သထုံမြို့နယ်၌ ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော် ကျင်းပ

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။

သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက မြို့အဝင်ဆိုင်းဘုတ်၊ ရွှေဟင်္သာစျေး​ရှေ့၊ ကန်ကြီးဘုရားရှေ့နှင့် ကမာဝက်မြို့နေရာလေးနေရာ၌ ဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်တို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်)မောင်မယ်သစ်လွင်များကြိုဆိုပွဲကို အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ‌မော်လမြိုင်ပညာ‌ရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ ၊ ဆရာမများ ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှုအား ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများက ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်‌နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကော့ထင်းကျေးရွာ၊ ကံနံပိုင်းလမ်း(ဒုတိယပိုင်း) ကတ္တရာခင်းခြင်းနှင့် ၄ပေ Box Culuvert (၁)စင်း‌ ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအား ကျိုက်ထိုခရိုင် တည်‌ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်‌ရေးမှူး)၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဦးထွန်းထွန်းဝင်း (ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး)နှင့် တာဝန်ရှိသူများက  ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။   

ကျိုက် မရော၌ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နည် ကျိုက်မရောမြို့နယ်ဥပဒေရုံးမှကြီးမှူးကျင်းပသော ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ သီးနှံ(၁၀)မျိုး ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ မိမိတို့စိုက်ပျိုးသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာ (၁၆) ရက်နေ့က မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များတွင် တောင်သူများအား သီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည်များကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့၌ မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရေရှည်တည်တံ့သော မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်