ချင်းပြည်နယ်

တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၃)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အတွက် မဲစာရင်းတိကျ မှန်ကန်မှုရှိရေး ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက် မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ​ရေးကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မြို့အဝင်/အထွက်ဂိတ်၌ ပြန်လည်ဖွင့်လှစ်ပြီး တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် ယနေ့ နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action lan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

တီးတိန်၌ နိုင်ငံခြားအရက် အမျိုးမျိုး တရားမဝင် တင်သွင်း ရောင်းချနေခြင်း တို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချစေခြင်း လုပ်ငန်းစီမံချက်များ ရှင်းလင်း

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြည်တွင်း၌ နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင် တင်သွင်းရောင်းချခြင်း တို့အပေါ် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

တွန်းဇံမြို့၌ COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။

ကန်ပက်လက်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သြဂုတ်လအတွင်း လှုပ်ရှား ဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် မြို့တွင်းရှိ စားသောက်ကုန် အရောင်း ဆိုင်များအား အိုင်အိုဒင်းဆား စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။

ခိုင်ကမ်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ ဒုတိယအကြိမ် ငွေသားကျပ်နှစ်သောင်းတိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to ချင်းပြည်နယ်