ဟားခါးမြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက် နေမှုများအား မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ဟားခါးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များသို့ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေးအတွက် ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထလာကီးယိုလျန်တို့နှင့် အဖွဲ့တို့က ယမန်နေ့ က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။