ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

ကန်ပက်လက်  ဩဂုတ် ၂၆

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ   ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက်မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အားကစားပစ္စည်း ပေးအပ်လှူဒါန်းခြင်းကို မြို့နယ်အား/ကာ ဦးစီးမှူး ဒေါဇုန်လဲင်ကျဲရ်က လူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီးထံသို့ အားကစားပစ္စည်းများ ခြေအိတ်(၄၃)စုံ အားလည်းကောင်း၊ အ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာကြီးထံသို့ ပိုက်ကျော်ခြင်းလုံး ကစားရာတွင် အသုံးပြုသည့် ပစ္စည်းများအား ပေးအပ်လှူဒါန်းကြောင်းနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆက်လက် လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)