ကန်ပက်လက်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုဆောင်ရွက်

ကန်ပက်လက်  သြဂုတ် ၂၆

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သြဂုတ်လအတွင်း လှုပ်ရှား ဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် မြို့တွင်းရှိ စားသောက်ကုန် အရောင်း ဆိုင်များအား အိုင်အိုဒင်းဆား စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။ 

ယင်းစစ်ဆေးမှုများကို ကန်ပက်လက်မြို့တွင်း၌ အဖွဲ့(၂)ဖွဲ့၍ စစ်ဆေးလျက် ရှိကြကြောင်းနှင့် အပတ်စဉ် ပုံမှန်လှုပ်ရှား ဆောင်ရွက်မှုများကိုလည်း ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

အဆိုပါ အပတ်စဉ်အလိုက် ပုံမှန်လှုပ်ရှား ဆောင်ရွက်မှုများကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)