တီးတိန် သြဂုတ် ၂၆
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၃)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြေပြိုဘေးသင့်ဖြစ်သည့် မွာလ်ဘင်းကျေးရွာမှ ဦးဆွင်းခန့်လွင့်အိမ်ထောင်စုမှ (၆)ဦးနှင့် ဦးဆွင့်ခန့်ခွာလ် အိမ်ထောင်စုမှ(၅)ဦး၊ စုစုပေါင်း(၁၁)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၃၁၀၀/- မြေပြိုဘေးသင့် ဦးဝင်းစင့်တလွှားငါ အိမ်ထောင်စုမှ (၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ ကျပ် ၁၁၂၆၀၀/- ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)