တွန်းဇံ ဩဂုတ် ၂၆
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မြို့အဝင်/အထွက်ဂိတ်၌ ပြန်လည်ဖွင့်လှစ်ပြီး တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် ယနေ့ နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် မြို့အဝင်/အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်များ မှတ်တမ်းရယူခြင်း၊ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို တွန်းဇံမြို့ရှိ မြို့နယ်အထွထွအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွန်းဇံမြို့ ကိုဗစ်-၁၉အရေး ပေါ်တုံ့ပြန်မှုအသင်း (Volunteer)တို့ ပူးပေါင်း၍ တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)