တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တွန်းဇံ  ဩဂုတ် ၂၆

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အခြခံမဲဆန္ဒရှင်စာရင်း မှန်ကန်တိကျမှု ရရှိရေးအတွက် ပထမအကြိမ် ထုတ်ပြန်ကြေငြာခဲ့ပါပြီး ဖြစ်သည်။ ထိုသို့ ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသူများကို ပါဝင်ခွင့် ရရှိရေးအတွက် ပုံစံ(၃)ဖြင့် ပြန်လည်လျှောက်ထားလာမှုများ၊ မဲစာရင်းတွင် မပါဝင်သင့်သူများကို တွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက် လာမှုများနှင့် မဲစာရင်းများပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်ပြန်လည် ပြင်ဆင်လျှောက်ထားမှုများကို အတည်ပြုစိစစ်ရန် လိုအပ်မှုအခြေအနေများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား သင်တန်းပို့ချမည့်အစီစဉ်များနှင့် ဒုတိယအကြိမ် ဆန္ဒမဲစာရင်း ထုတ်ပြန်ကြေငြာသည့်အချိန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ မိမိတို့တာဝန်ကျရာ ဇုံအလိုက် ကြပ်မတ်စစ်ဆေးရ မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)