ခိုင်ကမ်း သြဂုတ် ၂၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ ဒုတိယအကြိမ် ငွေသားကျပ်နှစ်သောင်းတိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။
ခိုင်ကမ်းမြို့တွင် ရပ်ကွက်ကြီးလေးခုရှိရာ အမှတ် ၁ ရပ်ကွက်တွင် အိမ်ထောင်စု (၁၇၇)စု၊ အမှတ် ၂ ရပ်ကွက်တွင် ( ၅၇ )စု၊ အမှတ် ၃ ရပ်အကွက်တွင်(၁၃၂)စုနှင့် အမှတ် ၄ ရပ်ကွက်တွင်(၇၁)စု စုစုပေါင်းအိမ်ထောင်စု ၄၃၇ စု အတွက် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းစီကို ခိုင်ကမ်းမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ၂၂.၈.၂၀၂၀ မှစတင်ကာ ၂၅.၈.၂၀၂၀ ရက်နေ့အထိ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ယခုတစ်ကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းသည် ငွေသားဖြင့်ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် စားသုံးကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)