တွန်းဇံမြို့၌ COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

တွန်းဇံ  ဩဂုတ်၂၆

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်းက  COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်း ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်နှင့် တာဝန်ရှိသူများက ငါးမွေးတောင်သူ များထံသို့ ငါးသားပေါက်များကို ပေးအပ်ခဲ့ကြပြီး တွန်းဇံမြို့နယ်အတွင်း ငါးမွေးတောင်သူ (၄၅)ဦးရှိပြီး ငါးမွေးကန် (၈၀.၉၄)ဧကဖြင့် ငါးမွေးမြူးခြင်း လုပ်ငန်းကိုလုပ်ကိုင်ကြောင်း တွန်းဇံမြို့နယ်အတွင်း ငါးမွေးတောင်သူ (၄၅)ဦးအတွက် ငါးမွေးကန် တစ်ဧကလျှင် ငါးသားပေါက် (၁၃၀၀)ကောင်နှုန်းဖြင့် ငါးမွေးကန် (၈၀.၉၄) ဧကအတွက် ငါးသားပေါက်ပေါင်း(၁၀၆၈၄၀)ကောင်အား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုနောက် ကျီခါးမြို့တွင် ငါးမွေးတောင်သူ(၁၁)ဦးရှိပြီ ငါးမွေကန်(၀.၈၀၃)ဧကရှိအတွက် ငါးမွေးကန် တစ်ဧကလျှင် ငါးသားပေါက် (၁၃၀၀)ကောင်နှုန်းဖြင့် ငါးသားပေါက်ပေါင်း (၁၀၄၃) ကောင် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)