ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင် ရုံးများနှင့် ဟားခါးမြို့ အများပြည်သူ သွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီးနောက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ လမ်းညွှန်ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပခဲ့ရာ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထလာကီးယိုလျန်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။