ကျွန်းလှ၌ (၂၆) ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ပဋ္ဌာန်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပကြောင်းသိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ပင့်သံဃာ ၁၄ ပါး၊ သီလရှင် ၂၆ ပါး၊ စုစုပေါင်းအပါး ၄၀ တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း အစရှိသောလှူဖွယ်ပစွည်းများ လောင်းလှူကြကြောင်း သိရသည်။

ထို့နောက် တပ်ကုန်းကျေးရွာ၊ ရတနာမာရ်အောင် ကျောင်းတိုက်ဆရာတော် ခမာဝုဓ ဆရာတော်ထံမှ အနုမောဒနာတရား နားကြားကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှတမ်းပေးဝေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ