ငပုတော ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ နှင့် မြို့နယ်စိုက်ပျိုးရေးဦးမှူး ဦးထွန်မျိုးသန့်နှင့် စိုက်တိုးမြှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ငပုတောမြို့နယ်လိပ်ချောင်းကျေးရွာအုပ်စု တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးထားသည့် Super sun- 41 နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပန်းပွင့်များ ဝတ်မှုံကူးနိုင်စေရေးအတွက် ပျားပုံများစနစ် တကျမွေးမြူထားရှိစေရေး၊ သီးနှံများခူးဆွတ်ချိန်တွင် အလေ့အလွင့်မမရှိစေရေးနှင့် ပိုမွှားအန္တရာယ် ကင်းဝေးစေရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြား ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)