ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံးတွင် ယနေ့နံနက်(၁၀)နာရီက Book Club ၊ Youth Club အဖွဲဝင်များနှင့် စာဖတ်ဝိုင်းကိုပြုလုပ်ရာ အဖွဲ့ဝင်များမှ"ခင်စောတင့်" ရေးသားသော၊"ကောင်းကျိုးတည်ရန်မျှော်လင့်သည်"စာအုပ်ဖြင့်စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်ပါ "ကာလဒါန အချိန်ကိုက်အလှူ" ခေါင်းစဉ်ဖြင့် ဆောင်းပါး ၊"မေတ္တာ ထားကြပါစို့" ခေါင်းစဉ်ဖြင့်ဆောင်းပါး စသည့်ဆောင်းပါးပါ အချက်အလက်များကို Book Club ၊ Youth Clubအဖွဲ့ဝင်များမှဖတ်ရှုဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် "ကာလဒါနအချိန်ကိုက်အလှူ"ဆောင်းပါးမှ လိုအပ်သူကို လိုအပ်ချိန်မှာ လိုအပ်တာကို လှူလိုက်ရတဲ့အချိန်ကိုက်အလှူဟာ အလွန်မွန်မြတ်ပြီး အကျိုးများကြောင်း ကိုဆွေးနွေးကြသည်။
ထို့နောက်"မေတ္တာထားကြပါစို့လား"ဆောင်ပါးတွင် "ထမင်းစားပြီး သေဖို့စောင့်နေရတာ ခြင်းအတူတူ ဘာလို့မေတ္တာမထားနိုင်ကြတာလဲ" ယောဆရာတော်၏ဆုံးမ စကားလေးနှင့်အတူ ဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့ လူ့လောကကြီးမှာ တစ်ဦးအပေါ်တစ်ဦး မေတ္တာမပျက်ကြဖို့ မေတ္တာတရားရဲ့ အကျိုးများပုံများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)