ကလေး ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ကနံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ ၂ ပိဿာကို ၁ ပိဿာလျင်ငွေကျပ် ၆၃၅၃ နှုန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်း ချပေးနေမှုကို ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။အဆိုပါ စားအုန်းဆီများကို ပြင်ပပေါက် ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးသောကြောင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ ဝမ်းမြောက် ဝမ်းသာဖြင့် လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)