တပ်ကုန်း ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ရွှေမြို့နယ်မြေ ရဲစခန်းမှ ဦးဆောင်ကျင်းပသည့် ရပ်ရွာအေးချမ်းသာယာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းက ကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်မှု မရှိစေရေး၊ ရဲစခန်းတွင် အမှုရေးဖွင့် ဆောင်ရွက်ထားရှိသည့် အကြမ်းဖက်အမှုများနှင့် ပတ်သက်သည့်ဖြစ်စဉ်များ၊ အကြမ်းဖက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့နှင့်ပတ်သက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လူမှုကွန်ရက် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများ မဖြစ်ပေါ်စေရေး ဆွေးနွေးမှာကြားခဲ့ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်