မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးထွန်းထွန်းဉီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥက္ကဋ္ဌဉီးထွန်းထွန်းဉီးနှင့်တာဝန်ရှိသူများက မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာများကိုအသီးသီးပေးအပ်ချီးမြှင်ခဲ့ကြပါသည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးအောင်မြင့်အေးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဘဏ္ဍာရေးမှူးဉီးလှကြူ၊ တွဲဖက်ဘဏ္ဍာရေးမှူးဉီးတင်ကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးထွန်းထွန်းဉီးနှင့်အဖွဲ့၊ ဗိုလ်တထောင်ခရိုင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဒုဥက္ကဋ္ဌဉီးသန့်ဇင်လှိုင်နှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဉီးကျော်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးသိန်း၊ မြို့နယ်သတင်းတပ်ဖွဲ့တာဝန်ခံဉီးဇော်ဝင်းကိုတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)