နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ကွင်းအမှတ်-၁၆၂၃(က) လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုများကို ယနေ့နံနက် ၉ နာရီ၊ ၃၀ မိနစ်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက ဘဲကုန်းအုပ်စု ကွင်းအမှတ်-၁၆၂၃(က) ဦးဌေးအောင်၊ ဒေါ်စန်းတင် လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် နေပြည်တော်ကောင်စီဉက္ကဋ္ဌက တောင်သူလယ်သမားများအား နွေရာသီကာလအတွင်း သီးနှံစိုက်ပျိုးထားမှုအား ဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးထားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တောင်သူလယ်သမားများအား မိုးစပါးမျိုးစေ့များနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဆည်မြောင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော်၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
သန်းသန်းနွယ်(ပုဗ္ဗ)