မြစ်သား ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်စစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင်လည်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
မြစ်သားမြို့အခြေခံပညာအထက်တန်းကျောင်း နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲတွင် KGတန်းမှ Grade -12 အထိ ကျောင်းသား(၁၅၅၅၄) ဦးနှင့်ကျောင်းသူ (၁၆၄၉၉ )ဦး စုစုပေါင်း (၃၂၀၅၃ )ဦး ဝင်ရောက် ဖြေလျက်ရှိရာဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအား မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးခိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပြီးကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)