ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁ /၂၀၂၄ ) သင်တန်းဆင်းပွဲကျင်းပ

ပြင်ဦးလွင်   ဖေဖော်ဝါရီ    ၁၆ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်  ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄ )  သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက   ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ ကန်တော်လေးကန်ဘောင်၌ကျင်းပပြုလုပ်ရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်သည်။

ရှေးဉီးစွာ သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ  ဦးသန့်ဇော်ဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး၊ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်( ၁ /၂၀၂၄ ) သင်တန်း ထူးချွန်ဆုရရှိခဲ့သူများအား  ဆုများချီးမြင့် ပေးသည်။

အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားအပြီးတွင် ရေပြင်ရှာဖွေကယ်ဆယ် ရေးသရုပ်ပြခြင်းများကို သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းသား(၅၀)ဦး၊ စုစုပေါင်းသင်တန်းသား/သူ (၆၅)ဦးက လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)