ရွှေဘိုတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

​ရွှေဘို ဖေ​ဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ်​ နေ့သင်တန်းများအတွက် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ  ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကား​ပြောကြားရာတွင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို လျှောက်လှမ်းရာတွင် ပညာရေး တိုးတက်မြင့်မားမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို ​မောင်မယ်လူငယ်များ သိရှိရမည်ဖြစ်ကြောင်း၊  အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများနှင့် ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်များဖြစ်ရန်လိုအပ်ပါကြောင်း၊ ကျောင်းနေပျော်၍ စာတော်​သော အရည်အချင်း ကောင်းမွန်သူများဖြစ်စေရန် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး​​ နောက်ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးထံ ​အလှူငွေကျပ်(၅)သိန်း​ထောက်ပံ့ပေး အပ်ခဲ့သည်။

ဆက်လက်၍ ​ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ် ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ် (စီမံ) ဆရာမကြီး​ ဒေါက်တာ တင်တင်ရီ၊ ဒုတိယပါ​မောက္ခချုပ် (သင်တန်း) ဆရာမကြီး​ ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ဝိဇ္ဇာဘာသာရပ်များကိုယ်စား မြန်မာစာဌာနမှ ပါ​မောက္ခ (ဌာနမှူး)​​ ဒေါက်တာ ချိုချိုသန်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ဓာတု​ဗေဒ ပါ​မောက္ခ (ဌာနမှူး)​ဒေါက်တာသီသီ​အောင်၊ သင်တန်း​ရေးရာဌာနမှ ဌာနမှူး​ ဒေါ်မြမြဝင်း၊ စီမံ/ဘဏ္ဍာမှ ဌာနမှူး​ဒေါ်တင်တင်ဝင်း၊ စာ​မေးပွဲနှင့် ဘွဲ့နှင်းဌာနမှ (​မော်ကွန်းထိန်း) ​ဒေါ်တင်တင်​အေးတို့က​​ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ​ ပြောကြားခဲ့​ကြောင်း သိရသည်။

အခမ်းနားသို့ တက်ရောက်လာကြသော ခရိုင်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ်များနှင့် ပါ​မောက္ခ၊ ဌာနမှူးများ၊ သင်ကြား​ရေးဆရာ၊ ဆရာမများ၊​​ မော်ကွန်းထိန်းများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)