ပန်းတနော် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ရွှေမြင်တင် ဘုရားလမ်းတွင် ယမန်နေ့ ည ၂ နာရီအချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အနောက်ပိုင်းရပ်ကွက် ရွှေမြင်တင်ဘုရားလမ်းနေ ဒေါ်နှင်းဝေလှိုင်နေအိမ်၏ မီးဖိုရှိ မီးကြွင်းမီးကျန်မှ ဘေးအကာထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ တာဝန်ရှိသူများမှ မြို့နယ်မီးသတ် စခန်းသို့ အကြောင်းကြားခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ သွားရောက်၍ ဝိုင်းဝန်းကူညီ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးဘေးကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)