တွန်းဇံမြို့တွင် ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တွန်းဇံ ဖေဖော်ဝါရီ ၁၆

ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာစီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာ "ဝဥ" စိုက်ပျိုးရေးအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းများအား တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဇမ်ပီးကျေးရွာ မှ "ဝဥ" စိုက်ပျိုးတောင်သူများ၏ ရွက်သီးများ ခူးယူစုဆောင်းမှု၊ ဈေးကွက်နှင့် ချိတ်ဆက်ရောင်းဝယ်မှု စသည့်လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထောင်းဆွမ်းမုန်နှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးဌာနရုံးမှ သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)