ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်မှုနှင့်အတူ ဝန်ထမ်းများက ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကျီးတော်ကုန်းရပ်ကွက် နယ်မြေ(၈) CU-007 ၊ အောင်ဇေယျာရပ်ကွက် နယ်မြေ (၁၂) CU-008 ၊ သီရိမင်္ဂလာရပ်ကွက် နယ်မြေ (၉) CU-002 တို့တွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် ဝန်ဇင်းရပ်ကွက်ရှိ ဓမ္မာရုံးတွင် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 အဆိုပါ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့ပြ Census Unit များတွင် အဆောက်အအုံ တင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)