ကန့်ဘလူမြို့နယ်တွင် ( Video Editing) သင်တန်းဖွင့်လှစ်

ကန့်ဘလူ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (Mobile Phone) ဖြင့် Video Editing သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်ဟူသည့် အဓိကလုပ်ငန်း ကြီးသုံးရပ်အနက် တစ်ခုဖြစ်သော ပြန်ကြားရေးလုပ်ငန်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားစိတ်ပါဝင်စားသော မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ရန် (Mobile Phone) ဖြင့် Video Editing သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများက (Mobile Phone) ဖြင့် ဓာတ်ပုံ၊ Video ရိုက်ကူးရာတွင် ရှောင်ရန် ၊ဆောင်ရန်အချက်များ၊ ဗီဒီယိုတည်းဖြတ်နည်းများ၊ ဗီဒီယိုရိုက်ကူခြင်း၊ အသံသွင်းခြင်း၊ ရုပ်သံတည်းဖြတ်၍ အသံသွင်းပြီးသည့် ဗီဒီယို Export ထုတ်နည်းများကို သင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ ၁၅ ဦး တက်ရောက်သင်ကြား၍ သင်တန်းကာလမှာ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)