အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2023
ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့်  ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပက်ဝန်းကျင်ကောင်းဖန်တီးစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲအား သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 13,2023
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ အချိန်မီ လှူဒါန်းနိုင်ရေးအတွက် အသင်းချုပ်အနေဖြင့် Task Force ဖွဲ့စည်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ရာ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများ၊ ဆန်၊ ဆီ၊ ငါးသေတ္တာ စည်သွပ်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေ များကို ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အသင်းချုပ်မှ တစ်ဆင့် ထိရောက်စွာ လှူဒါန်းနိုင်ခဲ့သည်။
Aug 13,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လားရှိုးတက္ကသိုလ် လှယဉ်ကျေးမယ်ပြိုင်ပွဲ၊အဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Aug 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့က ဝါဆိုသံဃာများအား ဆွမ်းတော်များ လောင်းလှူကြောင်း သိရသည်။
Aug 13,2023
ပြည်သူများ၏ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး တို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က တန်ဖိုး သင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က တောင်ပေါ်စုကျေးရွာနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများ၌  လူငယ်ရေးရာ အသိပညာပေး ဟော​ပြောပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။