Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးမောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 13,2023
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲများစတင်ရိတ်သိမ်း၊ ဧက(၇၀၀၀)ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးမြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စတင်ရိတ်သိမ်းနေကြောင်းသိရသည်။ မြို့နယ်အတွင်း မိုးမြေပဲ (၇၂၁၂)ဧက စိုက်ပျိုးထားပြီးယာပြန်မြေပဲ ဧက(၃၀၀၀)ခန့်နှင့် ဆောင်းမြေပဲ(၁၉၀၉၄)ဧက စုစုပေါင်း(၂၉၂၆၁)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားသို့ တက်ရောက်
Aug 13,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၁၂ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းဆင်စခန်း ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မင်းဘူးမြို့နယ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မည့် မင်းဘူးနေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ Solar Power Project လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်၊ သီလရှင်(၁၁၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမအကြိမ်…
Aug 13,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်၊ သီလရှင်(၁၁၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၊ ပြည်သူများ၏စုပေါင်းအားဖြင့် ပထမအကြိမ် ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲရေစက်ချမင်္ဂလာအခမ်းအနားကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဩဂုတ် ၁၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကမ်းစပ်တစ်လျှောက်တွင် ဒီရေတောပင်များ စိုက်ပျိုး
Aug 13,2023
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ကမ်းစပ်အနီးတွင် ဒီရေတောအပင်များ သွားရောက် စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်သိန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည…
Aug 13,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် ဥပဒေအရ မှုခင်းများ ကြားနာစစ်ဆေးစီရင်ခြင်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Aug 13,2023
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ မှုခင်းများ ကြားနာစစ်ဆေးစီရင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သုံးထပ်ဆောင်(အပေါ်ထပ်) အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Aug 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က(၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9722
Page
9723
Page
9724
Page
9725
Current page
9726
Page
9727
Page
9728
Page
9729
Page
9730
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department