မြန်အောင် ဖေဖေါ်ဝါရီလ ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နေ့လည်က မြန်အောင်မြို့နယ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု ဆင်သေကျေးရွာတွင် ဆောင်းနေကြာအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု ရှားတောကျေးရွာ ကွင်းအမှတ် ၂၂၀ တောင်သူ ဦးဝင်းအောင်၏ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံစံပြစိုက်ခင်း (၃)ဧကတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေအားကြည့်ရှု၍ ဒေသတွင်းပဲစိုက်တောင်သူများအား အထွက်နှုန်းကောင်းမွန်သော မျိုးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူလိုလားချက်အတိုင်း ပံ့ပိုးဆောင်ရွက်သွားရန်၊ ဆီထွက်နှုန်းကောင်းမွန်ရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုချဲ့စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်-ကြံခင်းကားလမ်းမဘေး တာမိုင် ၅/၅ တွင် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၅၈၆.၆၃၉)သန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများ တင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစ်ကမ်းထိန်းလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးဦးမျိုးဝင်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသရာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကြည့်ရှု၍ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)